ကပ္ပလီပင်လယ်ပြင်က
တိမ်တိုက်တွေကြောင့် အခုရက်ပိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ
မိုးရွာသွန်းနေပြီး၊ အလားတူ မိုးရွာသွန်းမှုမျိုး ဒီဇင်ဘာလမှာလည်း
ဖြစ်ပေါ်နိုင်သေးကြောင်း မြန်မာနိုင်ငံ မိုးလေ၀သဌာနက
သတိပေးပြောကြားလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ တိမ်တိုက်ကြောင့် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တာမို့ စောင့်ကြည့်နေတယ် လို့ မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
“သိမ်းမြို့ရဲ့ အနောက်တည့်တည့်လောက်မှာ တိမ်တိုက်တခုရှိတယ်။ အဲတိမ်တိုက်က