မြန်မာနိုင်ငံမှာ
အသည်းရောင်အသားဝါရောဂါ ကာကွယ် ကုသရေးတွေနဲ့ ပတ်သက်ပြီး အသည်းရောင်
အသားဝါရောဂါ (ဘီပိုး)နဲ့ (စီပိုး) ကုသမှု ပံ့ပိုးကူညီပေးရေး အဖွဲ့ က ဒေါက်တာ
ဇာနည်ဇင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးကူးစက်ပျံ့နှံ့မှုက ဆရာတို့အမြင် ပျံ့ နှံ့ မှု အခြေအနေ ဘယ်လောက်တောင်ဆိုးနေပြီလို့ ပြောလို့ ရပါသလဲ။
“ဘီ ဆိုရင် ၁၀ ယောက်မှာ ၁ ယောက်။ စီ ဆိုရင် ၁၂ ယောက်မှာ ၁ ယောက်ပေါ့။ ဒါတွေက စာရင်းအတိအကျမဟုတ်ဘူး။ အရှေ့တောင်အာရှအနေနဲ့ ပြောတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ဒီလောက်ပါပဲ။ ကျနော်တို့တွေ့ကြုံမှုအရ ဒီထက် များဖို့တောင် ရှိတယ်။”