အမေရိကန်အခြေပြု
ပြည်သူ့ဂုဏ်ရည် ဆုရွေးချယ်ရေး အဖွဲ့က ဖိတ်ကြားတဲ့ ခရီးစဉ်အတွင်း
ဆွေးနွေးပွဲတွေမှာ တက်ရောက်သူတွေ ၀ိုင်းဝန်းထည့်ဝင်လှူဒါန်းတဲ့ အလှူ ငွေ ကျပ်
၂၉၁ သိန်းကို အနုပညာရှင်သုံးဦးက ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက်
လှူဒါန်းလိုက်ပါတယ်။
အနုပညာရှင်တွေ ဖြစ်တဲ့ ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့က အမေရိကန်ပြည်ထောင်စုဟောပြောပွဲ ရက် ၄၀ အတွင်း ရလာတဲ့ ငွေကျပ် ၂၉၁ သိန်းကျော်ကို သူတို့ကိုယ်စား သွားလှူဖို့ ၈၈ ကျောင်းသားများ အဖွဲ့နဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၁၄၅ သိန်းကျော် စီ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

![[thet+mon+myint+2+sep+03+hanthit+mag.jpg]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCtVNiyHs7oWGmzM1qGHMX2Z4UalZuCs2GVJiX4cMOUcb2cGXWdZQjeVj7YhIB86OnpsgrO9zg3CfIHs8g6U-CuU2ol-3p25JaODF684o67DWzqR34dw7pL-WbVYaOVNohpsobs64h0p9/s1600/thet+mon+myint+2+sep+03+hanthit+mag.jpg)