ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
5 December 2012
စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေး
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည်
"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။
ဒီဇင်ဘာ(၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် ယင်း ကဲ့သို့ ပြောကြားခဲ့သည်။
"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့မည်
"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တ
ွင်
နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့ မည် ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ် "၀" အထူးဒေသ (၂) တိုးတက် ဖွံဖြိုးရေး အတွက် ၂၀၁၃-၁၄ နှစ်တွင်
နိုင်ငံတော်က သိန်းလေးသောင်းထောက်ပံ့ မည် ဖြစ်ကြောင်း ယင်းပမာဏသည်
ယမန်နှစ် များ ထက် ၅ ဆ ကျော် တိုးတက် ထောက်ပံခြင်းဖြစ်ကြောင်း
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေး၏ ကောင်းမှုကြောင့် မြန်မာ SIM ကဒ်များဖြင့် အာဆီယံ နိုင်ငံများတွင် အသုံးပြုနိုင်တော့မည်
ပြည်တွင်းမှာ
အသုံးပြုလျက် ရှိနေတဲ့ မိုဘိုင်းဖုန်း များကို အာဆီယံ နိုင်ငံတွေ အတွင်း
သယ်ယူ ပြောဆို နိုင်ခွင့်နဲ့ပတ်သက်ပြီး လာမယ့် ၂၀၁၃ ခုနှစ် ဧပြီ
လကုန်ပိုင်း လောက်မှာ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများ အတွင်းရှိ ဖုန်းများ အားလုံးကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြု နေနိုင်ပြီ ဖြစ်ပါတယ်။
လကုန်ပိုင်း လောက်မှာ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများ အတွင်းရှိ ဖုန်းများ အားလုံးကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြု နေနိုင်ပြီ ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)