ပါကစ္စတန်မှာရှိတဲ့
အာဖဂန် စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ တကမ္ဘာလုံးမှာ ရှိနေတဲ့
ဒုက္ခသည်တွေထဲမှာတော့ အများဆုံးဖြစ်ပါတယ်။ ဒီနှစ်ကုန်မှာတော့ သူတို့တွေ
အားလုံး ပြည်တော်ပြန်ကြရ မှာဖြစ်ပါတယ်။ တချို့ဆိုရင် ပါကစ္စတန်မှာ
ဒုက္ခသည်အဖြစ်နဲ့ နေထိုင်တာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ ဒီဇင်ဘာ ၃၁ ရက်နေ့
ကျော်ရင်တော့ သူတို့အားလုံး တရားဝင် ဒုက္ခသည်အဖြစ်ကနေ စွန့်လွှတ်ရဖို့
ရှိပါတယ်။
ဒါပေမယ့် ရှာဘက် အူရာ ရာမန်ရဲ့သတင်းဆောင်းပါးအရ ပြည်တော်ပြန်ကြဖို့
အဆင်သင့် မဖြစ်ကြသေးတဲ့ ဒုက္ခသည်တွေလည်း ရှိနေပါတယ်။ မယုယမိုး
တင်ဆက်ပေးထားပါတယ်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
8 December 2012
တရုတ်ချေးငွေဖြင့် ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ အကောင်အထည်ဖော်မည်
လာမယ်၂၀၁၃. ၁၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အနေနဲ့ တရုတ်ပြည်က ချေးငွေရယူပြီး ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ
တပ်ဆင်ရောင်းချမယ့် စီမံကိန်း အကောင်အထည်ဖော်မယ်လို့ စီမံကိန်းအင်ဂျင်နီယာ
ဒေါ်စန်းစန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။၂၀၁၂ – ၁၃ ဘဏ္ဍာနှစ်ကုန်အထိ မိုဘိုင်းဖုန်း ၄ သန်းရှိလာရေး
ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ ၃ သန်း တပ်ဆင်ပြီး ဖြစ်တယ်လို့ သူက
ရှင်းပြပါတယ်။မြန်မာ့ဆက်သွယ်ရေးဟာ အခု နှစ်ဆန်းမှာ မိုဘိုင်းဖုန်း ၁
သန်းရောင်းချဖို့နဲ့ နောက်နှစ်စီမံကိန်းအတွက် အပါအ၀င် စုစုပေါင်း ဆင်းကတ် ၃
သန်းကျော် ၀ယ်ယူဖို့အတွက် စင်ကာပူနဲ့ ပြင်သစ် နိုင်ငံက ကုမ္ပဏီ ၂ ခုကို
တင်ဒါ ချပေးခဲ့ပါတယ်။ ဒီစီမံကိန်းတွေဟာ မြန်မာ့ဆက်သွယ်ရေး တခုတည်းက လုပ်ကိုင်မယ့်
စီမံကိန်းတွေဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ အတည်ဖြစ်ပြီး နောက်ထပ်
ရင်းနှီးမြှုပ်နှံခွင့်ရမယ့် ကုမ္ပဏီ ၃ ခုရဲ့ စီမံကိန်းတွေတော့
မပါဝင်သေးဘူးလို့ ဒေါ်စန်းစန်းလွင်က ရှင်းပြပါတယ်။
DVB
DVB
လူမျိုးတုံးသတ်ဖြတ်သည်ဟု သတင်းထုတ်လွှင့်မှုအပေါ် မြန်မာအစိုးရကန့်ကွက်
ကျောက်တော်တွင် အသက် ၂၀ ကျော် အရွယ် လူငယ် တစ်ဦး အသတ်ခံရ
ပင်လယ်ပြင် အပြန်အလှန် တိုက်ခိုက်မူ အတွင် ဘင်္ဂလီ ငါးဖမ်းသမား (၈) ဦး ဖမ်းဆီးမိ
အဆိုပါ တိုက်ခိုက်မူမှာ ပေါက်တောမြို့နယ် မြေငူကျွန်း သစ်ပုတ်ချိုင် ကျေးရွာမှ ရခိုင်ငါးဖမ်းသမားများနှင့် စစ်တွေသဲချောင်းမှ ပင်လယ်ပြင်သို့ ငါးထွက်ဖမ်းသည့် မွတ်ဆလင် ဘင်္ဂလီ ငါးဖမ်းသမားများ အကြား ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်ဟု ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
Subscribe to:
Posts (Atom)