ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 December 2012

ရခိုင်ပြည်နယ်ထဲ စစ်တပ်ကလယ်သိမ်းထားမှုများ လွှတ်တော်ကော်မရှင် စစ်ဆေး


လွှတ်တော် လယ်ယာမြေပြဿနာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့ ထောက်လှမ်းရေးတို့ သိမ်းယူထားတဲ့ လယ်မြေတွေကို ဒီနေ့ သွားရောက်စစ်ဆေးကြပါတယ်။
ရခိုင်ပြည်နယ်ထဲ လယ်ယာမြေသိမ်းဆည်းတဲ့ ပြဿနာတွေကို စုံစမ်းမေးမြန်းနေတဲ့ စုံစမ်းရေးအဖွဲ့ဟာ ကျောက်ဖြူနဲ့ ဓည၀တီရေတပ်စခန်း နယ်မြေတို့မှာ သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့သွားရောက် စစ်ဆေးခဲ့ပုံကို စုံစမ်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေး

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဆွေးနွေးကြပါတယ်။
စီအန်အက်ဖ်နဲ့ ပြည်ထောင်စုအစိုးရတို့  ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှာ စတင်ပြီး  ရန်ကုန်မြို့ရှိ Myanmar peace Center မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒုက္ခသည်များအတွက် အကူအညီတားမြစ်မှု ရုပ်သိမ်းရန် ကုလတောင်းဆို


ကချင်ပြည်နယ်က စစ်ရှောင် ဒုက္ခသည်တွေထံကို ပေးမယ့်အကူအညီတွေကို အစိုးရက တားမြစ်ထားမှု အဆုံးသတ်ပေးပါလို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ကချင်လက်နက်ကိုင်နဲ့ အစိုးရတပ်ဖွဲတွေအကြား တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇ သောင်း ၅ ထောင် နီးပါးရှိတဲ့အနက် ထက်ဝက်ကျော်ဆီကို အကူအညီပေးဖို့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမိုစ်က ပြောဆိုလိုက်တာဖြစ်ပြီး ဖယ်ရှားပေးဖို့ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
UN လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အာမိုစ်

ပါကစ္စတန် ဒုက္ခသည်တွေရဲ့ ပြည်တော်ပြန်ခရီး

ပါကစ္စတန်မှာရှိတဲ့ အာဖဂန် စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ တကမ္ဘာလုံးမှာ ရှိနေတဲ့ ဒုက္ခသည်တွေထဲမှာတော့ အများဆုံးဖြစ်ပါတယ်။ ဒီနှစ်ကုန်မှာတော့ သူတို့တွေ အားလုံး ပြည်တော်ပြန်ကြရ မှာဖြစ်ပါတယ်။ တချို့ဆိုရင် ပါကစ္စတန်မှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်တာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ ဒီဇင်ဘာ ၃၁ ရက်နေ့ ကျော်ရင်တော့ သူတို့အားလုံး တရားဝင် ဒုက္ခသည်အဖြစ်ကနေ စွန့်လွှတ်ရဖို့ ရှိပါတယ်။
ဒါပေမယ့် ရှာဘက် အူရာ ရာမန်ရဲ့သတင်းဆောင်းပါးအရ ပြည်တော်ပြန်ကြဖို့ အဆင်သင့် မဖြစ်ကြသေးတဲ့ ဒုက္ခသည်တွေလည်း ရှိနေပါတယ်။ မယုယမိုး တင်ဆက်ပေးထားပါတယ်။

တရုတ်ချေးငွေဖြင့် ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ အကောင်အထည်ဖော်မည်


လာမယ်၂၀၁၃. ၁၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ တရုတ်ပြည်က ချေးငွေရယူပြီး ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ တပ်ဆင်ရောင်းချမယ့် စီမံကိန်း အကောင်အထည်ဖော်မယ်လို့ စီမံကိန်းအင်ဂျင်နီယာ ဒေါ်စန်းစန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။၂၀၁၂ – ၁၃ ဘဏ္ဍာနှစ်ကုန်အထိ မိုဘိုင်းဖုန်း ၄ သန်းရှိလာရေး ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ ၃ သန်း တပ်ဆင်ပြီး ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။မြန်မာ့ဆက်သွယ်ရေးဟာ အခု နှစ်ဆန်းမှာ မိုဘိုင်းဖုန်း ၁ သန်းရောင်းချဖို့နဲ့ နောက်နှစ်စီမံကိန်းအတွက် အပါအ၀င် စုစုပေါင်း ဆင်းကတ် ၃ သန်းကျော် ၀ယ်ယူဖို့အတွက် စင်ကာပူနဲ့ ပြင်သစ် နိုင်ငံက ကုမ္ပဏီ ၂ ခုကို တင်ဒါ ချပေးခဲ့ပါတယ်။ ဒီစီမံကိန်းတွေဟာ မြန်မာ့ဆက်သွယ်ရေး တခုတည်းက လုပ်ကိုင်မယ့် စီမံကိန်းတွေဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ အတည်ဖြစ်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံခွင့်ရမယ့် ကုမ္ပဏီ ၃ ခုရဲ့ စီမံကိန်းတွေတော့ မပါဝင်သေးဘူးလို့ ဒေါ်စန်းစန်းလွင်က ရှင်းပြပါတယ်။



DVB

facebook မှကြည့် ချင်ရင် like လုပ်ပါ