သျှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးနှင့် ကျေးလက်ဒေသတို့တွင် မြန်မာ့ဆက်သွယ်ရေး စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနမှ လက်ကိုင်ဖုန်း နံပတ်များကို အရစ်ကျငွေပေးသွ
င်းမှုစနစ်ဖြင့် ချရောင်းပေးနေ ကြောင်း စုံစမ်းသိရှိရပါသည်
“ မြို့နယ် ဆက်သွယ်ရေးရုံး ကနေ ဖုန်းနံပတ်တွေချရောင်းပေးတယ် ။ ပိုက်ဆံ ၄ သောင်း ၆ ထောင် သွားသွင်းပြီးရင် ဖုန်းပြောလို့ရပြီ။ ကျန်တဲ့ တစ်သိန်းခြောက်သောင်းကိုတော့ လစဉ် အရစ်ကျစနစ်နဲ့ ပေးချေသွားရမယ်။ တလ တသောင်းပေါ့” ဟု လားရှိုးဒေသခံ စိုင်းမောင်ညွန့်ကပြောသည်။