အပစ်အခတ်ရပ်စဲထားတဲ့
ချင်းအမျိုးသားတပ်ဦးရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ
တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ အဖွဲ့(ယူအန်အေ)နဲ့ ကျောင်းသားထုတွေကို ရန်ကုန်မှာ
တွေ့ခဲ့ကြပါတယ်။
စီအန်အက်ဖ်ကိုယ်စားလှယ်တွေဟာ ယူအန်အေ ခေါင်းဆောင် ဦးအေးသာအောင်၊ နိုင်ငွေသိမ်းနဲ့ ဦးသာဘန်းတို့အပါအ၀င် အဖွဲ့ဝင်တွေနဲ့ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မှာ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကထားဆွေးနွေးတယ်လို့ စီအန်အက်ဖ်အဖွဲ့က ဦးရာဟင်းက ပြောပါတယ်။

စီအန်အက်ဖ်တာဝန်ရှိသူများနှင့်
ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က