ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 December 2012

ရန်ကုန်မြို့ ကွန်ဒိုတိုက်ခန်း တစ်ခန်း ရောင်းဈေး သိန်း ၄၅၀ဝ ကျော်ထိ ဈေးပေါက်


ရန်ကုန်မြို့ ကွန်ဒိုတိုက်ခန်း တစ်ခန်းရောင်းဈေး  သိန်း ၄၅၀ဝ ကျော်ထိ ဈေးပေါက်ရန်ကုန်မြို့ ကွန်ဒို တိုက်ခန်း အရောင်းမှာ တစ်ခန်းလျှင် သိန်း ၄၅၀ဝ အထိ ရောက်ရှိ နေပြီး
အငှား လုပ်ငန်းများလည်း ကောင်းမွန် လျက်ရှိသည်ဟု ရန်ကုန်မြို့အခြေ စိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များကပြောကြားသည်။

“ကျွန်တော့်ဆီမှာ ဈေးအကြီး ဆုံးအငှားဆိုရင်ရွှေဟင်္သာကွန်ဒိုပါ၊ တစ်လကို အမေရိကန် ဒေါ်လာ ၃၅၀ဝ ပေးရပြီး၊ တစ်နှစ် စာချုပ်ချုပ် ရပါတယ်။ အရောင်းမှာ ဈေး အနည်းဆုံး ကွန်ဒိုဆိုရင်မြန်မာ့ဂုဏ် ရောင်ကွန်ဒိုပါ၊ သိန်း ၅၅၀ ပေါက် ပါတယ်”ဟု Perfect World မှ ကိုနိုင်ကပြောသည်။

သံဃာထု အထွေထွေသပိတ်စတင်


လက်ပန်းတောင်းတောင်သပိတ်စခန်းမှာ ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ တောင်းဆိုချက်ကို အစိုးရဘက်က လျစ်လျူရှုလိုက်တဲ့အတွက် ရာပေါင်းများစွာသော သံဃာတော်တွေ ဒီကနေ့ လမ်းတွေပေါ်ထွက်ပြီး အထွေထွေသပိတ်ကို စတင်လိုက်ပါတယ်။
တနလာင်္နေ့က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှုဦးဆောင်ကော်မတီက တောင်းဆိုချက် ၃ ရပ်ကို ထုတ်ပြန်တောင်းဆိုထားတာပါ။ အဲဒါတွေကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတွေကို အမြန်ဆုံးဝန်ချတောင်းပန်ဖို့။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်သူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့ တို့ဖြစ်ပါတယ်။
ရန်ကုန်သံဃာတော်များ ဆန္ဒဖော်ထုတ် ကြွချီလာစဉ်
အဲဒီတောင်းဆိုချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းတည့်မတိုင်ခင် အစိုးရဘက်က လိုက်လျောဖို့ တောင်းဆိုထားပြီး မလိုက်လျောရင်တော့ နေ့ခင်း ၁ နာရီမှာစပြီး

ချင်းလက်နက်ကိုင်အဖွဲ့နဲ့ ပါတီတွေ တွေ့ဆုံ


အပစ်အခတ်ရပ်စဲထားတဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ အဖွဲ့(ယူအန်အေ)နဲ့ ကျောင်းသားထုတွေကို ရန်ကုန်မှာ တွေ့ခဲ့ကြပါတယ်။
စီအန်အက်ဖ်ကိုယ်စားလှယ်တွေဟာ  ယူအန်အေ ခေါင်းဆောင် ဦးအေးသာအောင်၊ နိုင်ငွေသိမ်းနဲ့ ဦးသာဘန်းတို့အပါအ၀င် အဖွဲ့ဝင်တွေနဲ့ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မှာ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကထားဆွေးနွေးတယ်လို့ စီအန်အက်ဖ်အဖွဲ့က ဦးရာဟင်းက ပြောပါတယ်။
စီအန်အက်ဖ်တာဝန်ရှိသူများနှင့် ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က

10 December 2012

ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သောင်း(၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့၏ (၁၉) ကြိမ်မြောက် ပင့်သံဃာတော် (၁၀၈) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျောက္ကာကျေးရွာ၊ မဟာဗောဓိ ကျောင်းတိုက်ဝင်း အတွင်းရှိ သန္တိသုခ ဓမ္မာရုံတွင် နိုဝင်ဘာလ (၂၄) ရက်နေ့ (၈း၃၀) နာရီ အချိန် တွင် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊ မန္တလေးတိုင်း ဒေသကြီး နယ်မြေ တာဝန်ခံ၊ တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သီရိပျံချီ ဦးအောင်သောင်း(၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့၏ (၁၉) ကြိမ်မြောက် ပင့်သံဃာတော် (၁၀၈) ပါး တို့အား ကထိန်လျာ သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ပင့်သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က “နမောတဿ’’ သုံးကြိမ်ပြိုင်တူ ရွတ်ဆိုရှိခိုး၍ ဖွင့်လှစ်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊ မန္တလေးတိုင်း ဒေသကြီး နယ်မြေတာဝန်ခံ၊ တောင်သာ

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှု သက်သေခိုင်ခိုင်မာမာမရှိမချင်းမည်သူမျှအပြစ်မရှိဟုဒေါ်အောင်ဆန်းစုကြည်ပြော



မုံရွာ၊ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန်းဖြိုခွဲမှုတွင်သက်သေခိုင်ခိုင်မာမာမရှိမချင်း မည်သူ့တွင်မျှ အပြစ်မရှိဟုလက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ''စုံစမ်းစစ်ဆေးရေးမှာ တရားဥပဒေစိုးမိုးရေးမူအရ သွားပါမယ်။ တရားဥပဒေစိုးမိုးရေးမူရဲ့ အခြေခံက ဘာလဲဆိုသက်ရှိထင်ရှားတယ်ဆိုတဲ့ သက်သေခိုင်ခိုင်မာမာလုံလုံလောက် လောက်မရှိသရွေ့

facebook မှကြည့် ချင်ရင် like လုပ်ပါ