လက်ရှိ
မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အကြီးမားဆုံး ပြဿနာကတော့
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့
ပြဿနာတွေပဲ ဖြစ်ပါ တယ်။ အားလုံးသိကြတဲ့အတိုင်း ကြေးနီစီမံကိန်း
ရပ်ဆိုင်းပေးဖို့ ဆန္ဒပြကြ၊ သံဃာတော်တွေ ဦးဆောင်ပြီး သပိတ်စခန်းဖွင့်ကြ၊
သပိတ်စခန်းတွေကို အစိုးရဘက်က အကြမ်းဖက်နှိမ်နင်းတဲ့အခါ သံဃာတော်တွေ
မီးလောင်ဒဏ်ရာ ရကြ၊ တခါ ဒီလို မီးလောင်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်နဲ့
ပတ်သက်ပြီး ဆန္ဒတွေပြန်ပြကြနဲ့ ပြဿနာရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်လာခဲ့တာ
ဖြစ်ပါတယ်။
ဒီလို နိုင်ငံအတွက် ကြီးမားတဲ့ အကျပ်အတည်း ပြဿနာ ဖြစ်ပေါ်လာချိန် ပြဿနာ အလည်ခေါင်တည့်တည့် ရောက်သွားသူကတော့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
ကြေးနီစီမံကိန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့တော့ အစိုးရက ဒေါ်စုကို ဥက္ကဋ္ဌ တာဝန်ပေးခဲ့ပါတယ်။ ဒီ ခက်ခဲလှတဲ့