ရခိုင်ပြည်နယ်
စစ်တွေမြို့မှာ တူရကီလူမျိုး ၄ ဦး ပျောက်ဆုံးနေတယ်ဆိုတဲ့ အင်တာနက်
စာမျက်နှာတွေပေါ်ကဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဟိုတယ်မှာတည်းခိုနေတဲ့ တူရကီ ၄ ဦးဟာ ပျောက်ဆုံးနေပြီး အုပ်ချုပ်ရေးပိုင်းက အပြင်ကို သတင်းမထုတ်ပြန်သေးဘဲ ရှာဖွေနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဖြေဆိုလိုက်တာပါ။