ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 December 2012

ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရာမှာ ပုံစံအမျိုးမျိုးဖြစ်နေ


ရန်ကုန်တိုင်းအတွင်းမြို့နယ်တချို့ မှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့ အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းတဲ့ နေရာမှာ လုပ်နည်းလုပ်ဟန်မတူဘဲ ပုံစံအမျိုးမျိုးဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
တချို့ရပ်ကွက်တွေမှာ ကြီးကြပ်ရေးမှူးအဖွဲ့ကို ရပ်ကွက်နေပြည်သူတွေ တက်ရောက် ရွေးချယ်နိုင်ကြပြီး တချို့ရပ်ကွက်တွေမှာတော့ ရွေးပြီးသား ကြီးကြပ်ရေးအဖွဲ့ကိုပဲ လိုက်လံ အသိပေးနေတာမျိုး ဖြစ်နေ တာပါ။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခဲ့ပုံကို အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်းက

ကျပ် ၁ သိန်းခွဲအောက် ၃ ဂျီ ဖုန်းတွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြန့်မယ်


ကျပ် ၁ သိန်းခွဲနဲ့အောက် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ၂၀၁၃ ခုနှစ်ဦးပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး နေရာ ၁၈ နေရာမှာ အရောင်းဆိုင်တွေ ဖွင့်လှစ်  ရောင်းချမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
အခု အသစ်ရောင်းချမယ့် 3G/UMTS(Universal Mobile Telephone System) ဟာ လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ အများဆုံးတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပြီး ဟန်းဆက် အမျိုးအစား မြင့်ရင်မြင့်သလို အကျိုးရှိရှိသုံးနိုင်မယ်လို့ ဆိုပါတယ်။

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေနေရပ်ပြန်ပို့ခံရမည့် အရေးနဲ့ ရင်ဆိုင်နေရ


ထိုင်းအစိုးရဟာ နိုင်ငံတွင်းလာရောက်လုပ်ကိုင်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေကို  အလုပ်သမားလက်မှတ် သက်တမ်းထပ်မတိုးပေးတော့တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ ဖမ်းဆီး ပြန်ပို့ခံရမယ့် အရေးနဲ့ ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား လက်မှတ် သက်တမ်းကို ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး၊ ထပ်တိုးပေးတော့မှာမဟုတ်ဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာထားတာပါ။
မဟာချိုင်ရှိ မြန်မာငါးဖမ်းအလုပ်သမားများ
ထိုင်း နိုင်ငံခြားသားအလုပ်သမားအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး Dechar Peukpattanaruk က

13 December 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အမှုဆိုင်ဖို့ပြင်ဆင်

ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အထူးစုံစမ်းရေးဌာနသို့ အမူရင်ဆိုင်ရင် ရောက်ရှိစဉ် ဒီဇင်ဘာ ၁၃၊ ၂၀၁၂။

ထိုင်းနိုင်ငံမှာ ၂၀၁၀ ခုနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာကို ရင်ဆိုင်ဖို့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ဟာ ရဲတပ်ဖွဲ့ကို သွားရောက်ပြီး အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ၂၀၀၆ ခုနှစ်က အာဏာသိမ်း ဖြုတ်ချခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေး တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ နောက်ဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

သံဃာတွေဆန္ဒပြမှု ပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာန နာယကဆရာတော် မိန့်

လက်ပံတောင်းတောင်အရေး ရန်ကုန်သံဃာတော်များဆန္ဒပြပွဲ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အား သုံး အကြမ်းဖက် ဖြို ခွင်း ခံ ရ တဲ့ အပေါ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက မတောင်းပန်တဲ့ အတွက် မြန်မာနိုင်ငံအတွင်း က သံဃာတွေဟာ စီတန်းလှည့်လည် ဆန္ဒပြတာတွေကို ပြု လုပ်လာကြချိန်မှာ အခုလို သံဃာတော်တွေ စီတန်း လှည့်လည်တာဟာ ရန်ကို ရန်ခြင်း ပြန်တုံနှင်းတဲ့ သဘောရောက်နေတာကြောင့် အခု လို ဆန္ဒပြတာတွေ ဆက် မလုပ်ဖို့ မိန့် ကြား လာတဲ့ ဆရာတော်ကြီး တွေလည်း ရှိနေပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ