မြန်မာနိုင်ငံ
မြို့အတော်များများနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ ဒီကနေ့
မနက်ခင်းပိုင်း နဲ့ နေ့လည်ပိုင်းမှာ မြေငလျင်လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီနေ့ မနက် ၈ နာရီ ပတ်ဝန်းကျင်က ၁ ကြိမ်၊ မနက် ၉ နာရီခန့်က ၁ ကြိမ်၊ မိနစ်ပိုင်းလောက်သာကြာတဲ့ မြေငလျင် ၂ ကြိမ် လှုပ်ရှားသွားခဲ့ပြီး ပျက်စီးမှုတစုံတရာ မရှိခဲ့ပေမယ့် လူတွေ အထိတ်တလန့် အိမ်ပြင်ထွက်ပြေးတာ၊ ဘုရားကုန်းပေါ်တက်ခိုတာ၊ စာသင်ကျောင်းထဲက ကလေးတွေကို အပြင်ကို ခေါ်ထုတ်ရတာတွေ ရှိခဲ့တယ်လို့ တာချီလိတ် ဒေသခံတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းဌာနမှာလည်း ဒီကနေ့ မနက် ၇ နာရီ ၅၄