စစ်ကိုင်းတိုင်းအတွင်း
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ စေတီပုထိုးတွေနဲ့ သာသနိက အဆောက်အဦတွေ
ပြန်လည် မွမ်းမံပြင်ဆင်ဖို့ အလှူငွေ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ
အကူအညီလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လက လှုပ်ခတ်သွားတဲ့ အင်အားပြင်ငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း၊ ရွှေဘို၊ ၀က်လက်၊ ခင်ဦးနဲ့ ကန့်ဘလူ စတဲ့ မြို့နယ် ၆ မြို့နယ်လောက်က ရာနဲ့ ချီတဲ့ ဘုရားစေတီ ပုထိုး၊ ကျောင်းကန်တွေ ပျက်စီးသွားခဲ့တာပါ။
ငလျင်ဒဏ်ကြောင့် အဓိကပြင်ဆင်ဖို့ လိုအပ်နေတဲ့ စေတီနဲ့ ဘုရားတွေထဲမှာ စစ်ကိုင်းမြို့နယ်က အောင်မြေလောက