မောင်ရမ္မာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေး သေဆုံးပြီးနောက် လုံဆော်မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟု ခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။
သူ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်သူ ကျောက်နီမော်ကျေးရွာမှ ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ် ဖြစ်သည်။
ကိုလှသွယ်အား ခံဝန်ချက် ကတိဖေါက်ဖျက်မှုဖြင့် ရမ်းဗြဲတရားရုံးက ယနေ့ ဒီဇင်္ဘာလ ၂၀ ရက် ယနေ့တွင် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။