စိမ်းလန်းအောင် (ကိန်းသာမြေ)
ဘင်္ဂလီ လုပ်သားများ မရှိတော့သဖြင့် ရပ်နားထားရမည့် အခြေအနေသို့
ရောက်ခဲ့ရသော ရသေ့တောင်မြို့ အုတ်လုပ်ငန်းကို ယခုအခါ ဒေသခံ ရခိုင်လူငယ်
လုပ်သားများဖြင့် ပြန်လည် စတင် လုပ်ကိုင်နေပြီ ဖြစ်သည်။
ရသေ့တောင်မှ ရခိုင်လူငယ် လုပ်သားများဖြင့် အစားထိုး လုပ်ကိုင်သော အုတ်လုပ်ငန်။ (ဓါတ်ပုံ နိရဉ္စရာ/ စိမ်းလန်းအောင်)
“ စိုက်ပျိုးရေး လုပ်ငန်း အပါအ၀င် ဒီလို အုတ်လုပ်ငန်းတွေက အရင်က ဘင်္ဂလီ
လုပ်သားတွေနဲ့ဘဲ လုပ်ကိုင်ခဲ့ကြပါတယ်။ ရခိုင်မှာ ဖြစ်သွားခဲ့တဲ့ အရေးအခင်း
နောက်ပိုင်းမှာ ဘင်္ဂလီ လုပ်သားတွေ မရှိတော့ ဒီလုပ်ငန်းကို
ရပ်နားထားရမလိုတောင် ဖြစ်သွားခဲ့တယ်။ အခုတော့ ဒေသခံ ရခိုင်လူငယ်တွေက
အစားထိုး ၀င်ရောက် လုပ်ကိုင်လာတဲ့ အတွက် အုတ်လုပ်ငန်းက ပြန်လည်
စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု