Tan လို့ အမည်ရတဲ့ အသက် ၃၀ နှစ်အရွယ် မလေးရှားကျောင်းဆရာမလေးဟာ သူမရဲ့
ရည်းစားဟောင်း ဖြစ်သူက မလေးရှားငွေ RM 50000 မြန်မာငွေ သိန်း ၁၂၀ ကျော်ခန့်
မပေးပါက သူမနှင့်အတူ နေခဲ့သည့် ပုံများ၊ ဗီဒီယိုများကို အွန်လိုင်း
တင်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရပါတယ်။
သူမဟာ Lai လို့ အမည်ရတဲ့ အသက် ၃၄ နှစ်အရွယ် သင်္ဘောသားတစ်ဦးနှင့် လွန်ခဲ့သည့်
၃ နှစ်ခန့်က ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး သူမတို့ နှစ်ယောက် အတူနေခဲ့တဲ့
ဓာတ်ပုံပေါင်း ၂၀ ကျော် သူ့ဆီမှာ ရှိကြောင်း သူမက ဆိုပါတယ်။