ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်လာတဲ့ ကုလ သမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် (Mr. Vijay Nambiar) မစ္စတာ နမ်ဗီးယားဟာ အရင်ကနဲ့ စာရင် ဒီတစ်ကြိမ်မှာ ရခိုင်လူမျိုးတွေ အပေါ် နားလည် စာနာကြောင်း ပိုပြသ လာတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဦးသန်းထွန်းက ပြောပါတယ်။
“ ဒီတစ်ခေါက် နမ်ဗီးယားရဲ့ ခရီးစဉ်အပေါ်မှာ မြို့မိမြို့ဘ တစ်ယောက်အနေနဲ့ သုံးသပ်မယ်ဆိုရင် အခု တတိယ အကြိမ်လာတဲ့ ခရီးစဉ်ကတော့ သူအရင် နှစ်ကြိမ် ခရီးစဉ်ကထက် ဒီဘင်္ဂလီတွေရဲ့ အပြုအမူတွေကို ပိုပြီး သိရှိ နားလည်လာပြီး ရခိုင်တွေ အပေါ်မှာ အရင်ကထက် စာနာ နားလည်