ကချင်ပြည်နယ်မှာ
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ
ဆက်လက်ဖြစ်ပွားနေပြီး ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည်ဆန်ထိမှန်ပြီး
အရပ်သားတွေ သေဆုံး ဒဏ်ရာရာခဲ့ကြပါတယ်။
ဒီနေ့ မနက် ၃ နာရီမှာ အစိုးရတပ်တွေ တက်လာပြီးတော့ လဂျားယန်နားက နားလုံရွာကို အရောက် မိုင်းပဒေသာထိလို့ ပြန်လည် ဆုတ်ခွာသွားပေမယ့် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ဖိပြီး ပစ်ခတ်ခဲ့တဲ့အတွက် ပန်ကွေ့ရွာ ဖရဲခြံအနီးမှာ အလုပ်လုပ်နေတဲ့ ရွာသား ၅ ဦးကို ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ပြောခွင့်ရ ကိုမင်းဌေးက ပြောပါတယ်။