မြန်မာ့ဆက်သွယ်ရေးက
တယ်လီဖုန်းဆင်းကတ်တွေကို ဒီလထဲမှာ ကျပ်ငွေ ၁ သိန်းခွဲနဲ့အောက်
ဈေးနှုန်းနဲ့ရောင်းချပေးတဲ့အခါ ဆင်းကတ်တခု ကျပ် ၂ သိန်းဈေးနှုန်းနဲ့
အရစ်ကျပေးစနစ် ၀ယ်ထားကြတဲ့ ကျေးလက်နေ ပြည်သူတွေလည်း ၁ သိန်းခွဲနဲ့အောက်
ဈေးနှုန်းမှာ အကျုံးဝင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကျေးလက်နေ ပြည်သူတွေဟာ ဆင်းကတ်တခုကို ကျပ် ၂ သိန်းနဲ့ အကြွေးစတင်ဝယ်စဉ်က ကျပ်ငွေ ၄ သောင်း ကနဦးပိုင်းသွင်းရပြီး ကျန်ငွေ ၁ သိန်း ၆ သောင်းကို နောက်လတွေမှာ တလကို ကျပ် ၁ သောင်းနှုန်း သွင်းနေကြရပါတယ်။
ကျေးလက်နေ ပြည်သူတွေဟာ ဆင်းကတ်တခုကို ကျပ် ၂ သိန်းနဲ့ အကြွေးစတင်ဝယ်စဉ်က ကျပ်ငွေ ၄ သောင်း ကနဦးပိုင်းသွင်းရပြီး ကျန်ငွေ ၁ သိန်း ၆ သောင်းကို နောက်လတွေမှာ တလကို ကျပ် ၁ သောင်းနှုန်း သွင်းနေကြရပါတယ်။