တိုင်းပြည်လွတ်လပ်ရေးရယူစဉ်ကလို
ညီညွတ်မှုမျိုးနဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ကျော်လွှားသွားကြဖို့ မြန်မာ
သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ မြန်မာပြည်သူ
တရပ်လုံးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ မနက်မှာ သမ္မတ ဦးသိန်းစိန်က ရေဒီယိုအစီအစဉ်တွေကနေ တဆင့် ပြည်သူကို ပထမဆုံး တိုက်ရိုက် ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားတာပါ။