ဘတ်ဂက်ဆ၀ါဆိုတဲ့
ရွာကလေးက ဘုရားကျောင်းမှာ လူတွေ ဒါဇင်နဲ့ချီပြီး ရောက်နေပါတယ်။
ရိုးရာဗုံတွေ တီးရင်၊ ရိုးရာသီချင်းတွေကို သီဆိုနေကြပါတယ်။
“ချောင်ဗဒီ” လို့ ခေါ်တဲ့ အမျိုးသမီးတွေကို ရာသီသွေးပေါ်ချိန်မှာ ပတ်ဝန်းကျင်နဲ့ သီးသန့် ခွဲထားတဲ့ ဓလေ့ကို အဆုံးသတ်ဖို့ စည်းရုံးလှုပ်ရှားနေကြတာပါ။ “ချောင်ဗဒီ” ဆိုတဲ့ ဒီဓလေ့အောက်မှာ ရာသီသွေးပေါ်ချိန်မှာ အမျိုးသမီးတွေကို ယုတ်ညံ့သူတွေလို့ သတ်မှတ်ကြ ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေကို မိသားစုနဲ့ ခွဲထုတ်ပြီး နွားမတွေကို ထားတဲ့တဲတွေမှာ ၄ ရက်လောက်အထိ ထားကြပါတယ်။ အဲဒီတဲတွေမှာ ပြတင်းတံခါးတွေ မရှိသလို၊ ကြမ်းခင်းတွေကလည်း သန့်ရှင်းမှုမရှိပါဘူး။