လတ်တလော
ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ
မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။
ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်
လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ
မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန်
ဖိတ်ကြားထားတဲ့ နေပြည်တော်က
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
3 January 2013
လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်း အစိုးရ နေရပ်ရင်း ပြန်ပို့မည်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ
ထွက်ပြေးပြီး ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို
နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့
ကလေးငယ်တွေအပါအ၀င် စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ
မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက်
ကမ်းခြေမြို့ကို ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ
သတင်းဆောင်းပါးနဲ့ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာ့ရုပ်ရှင်လောက ဒီဂျစ်တယ်စနစ် ပြောင်းမည်
နိုင်ငံတကာမှာ
ခေတ်နောက်ကျနေပြီဖြစ်တဲ့ ဖလင်နဲ့ ရိုက်ကူးပြသတဲ့ စနစ်အစား
ဒီဂျစ်တယ်စနစ်နဲ့ ရိုက်ကူးပြသနိုင်ရေး စတင်ဆောင်ရွက်တော့မယ်လို့
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း
ကော့သောင်းတွင် ထိုင်းဘက်တရားမ၀င်ထွက်မည့်သူ ၈၀ ကျော် ဖမ်းဆီး
တနင်္သာရီတိုင်း
ကော့သောင်းမြို့ကနေ တဖက် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ထွက်ခွာမယ့်
လှေတစီးပေါ်က လူ ၈၅ ဦးကို မနေ့ညက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက
သိရပါတယ်။
ခိုးထွက်မယ့်လှေဟာ ကမ်းစပ်မှာ ပုန်းကွယ်နေတာဖြစ်ပြီး သတင်းအရ ရဲက သွားရောက်ဖမ်းဆီးတဲ့အခါ လှေပေါ်မှာ ကလေးငယ် ၁၃ ဦးအပါအ၀င် လူ ၈၅ ဦးကို ဖမ်ဆီးရမိလိုက်တယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ရဲ့ ကော့သောင်းမြို့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထက်အောင်က “ခိုးထွက်တဲ့လှေက ရနောင်းကမ်းမှာလည်း ဖမ်းတယ်ကြားလို့ မကူးရဲဘဲနဲ့ ၃ မိုင် ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်အောက်က ချိုင့်ထဲမှာ လူတွေကို မိလိုက်တာပေါ့ဗျာ။ ယောက်ျားလေးက ၆၄ ယောက်၊ မိန်းကလေးက ၈ ယောက်၊ ကျား-မ ကလေးငယ် ၁၃ ယောက်နဲ့ ပေါင်း ၈၅ ယောက်လေ။ ည ၁၁ နာရီလောက်က ဖမ်းမိတယ်” လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို

ငလျင်သင့်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ
ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲအတွက် မန္တလေးက လူငယ်သတင်းသမားတွေ အမျိုးသားကဇာတ်ရုံမှာ ဇာတ်တိုက်နေကြပါတယ်။
ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး စာပေအနုပညာရှင်များ၊ သတင်းများ ဦးစီးကျင်းပတာ ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညနေပိုင်း မန္တလေးအမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။
ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး စာပေအနုပညာရှင်များ၊ သတင်းများ ဦးစီးကျင်းပတာ ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညနေပိုင်း မန္တလေးအမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။
Subscribe to:
Comments (Atom)