ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
3 January 2013
ကချင်မှာ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို
မြန်မာစစ်တပ်က
ကချင်ပြည်နယ်မှာ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း
ကချင်ပြည်နယ်ကို အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး
ထွက်ပေါ်နေတဲ့ သတင်းတွေကို ကုလသမဂ္ဂအကြီးအကဲက လေးလေးနက်နက်
မှတ်တမ်းယူနေတယ်လို့ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ မာတင် နပ်စ်ရှီကီ (Martin
Nesirky) က ပြောပါတယ်။
ရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကေအန်ယူတက်မည်
ဇန်န၀ါရီလ
၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲကို မကြာခင်က
အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးယူထားတဲ့ ကရင်အမျိုးသားအစည်းအရုံးက တက်ရောက်မှာ
ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်အရ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်နဲ့ ပဒိုစောသမိန်ထွန်းတို့ တက်ရောက်မယ်လို့ ပဒိုစောသမိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်အရ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်နဲ့ ပဒိုစောသမိန်ထွန်းတို့ တက်ရောက်မယ်လို့ ပဒိုစောသမိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ကချင်တိုက်ပွဲကြောင့် ချင်းပါတီ လွတ်လပ်ရေးညစာစားပွဲ တက်မည်မဟုတ်
လတ်တလော
ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ
မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။
ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်
လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ
မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန်
ဖိတ်ကြားထားတဲ့ နေပြည်တော်က
လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်း အစိုးရ နေရပ်ရင်း ပြန်ပို့မည်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ
ထွက်ပြေးပြီး ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို
နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့
ကလေးငယ်တွေအပါအ၀င် စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ
မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက်
ကမ်းခြေမြို့ကို ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ
သတင်းဆောင်းပါးနဲ့ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Subscribe to:
Comments (Atom)