ဆန်အပါအ၀င်
လယ်ယာထွက်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက် တရားဝင် တင်ပို့နိုင်ရေး
နှစ်နိုင်ငံသဘောတူလက်မှတ်ထိုးဖို့ မြန်မာနဲ့ တရုတ်
စီးပွားကူးသန်းဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်နဲ့ တရုတ်စီးပွားကူးသန်း ဒုတိယဝန်ကြီး Mr. Chen Jian တို့ ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြရာမှာ မြန်မာဘက်က တောင်းဆိုခဲ့တဲ့ ၂ ချက်ထဲ အခုလို လက်မှတ်ထိုးဖို့ ကိစ္စပါဝင်ခဲ့တာပါ။
ဒီအကြောင်း ဆွေးနွေးပွဲတက်ခဲ့တဲ့ စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ပြောပြတာက
“ကျနော်တို့ဘက်က အဓိက အချက် ၂ ချက် တောင်းဆိုပါတယ်။