တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေးကော်မတီဟာ နိုင်ငံတ၀န်း ပြည်သူတွေထံကနေ တိုင်ကြားစာ ၃
ထောင်ကျော် လက်ခံရရှိထားပြီး လယ်ယာမြေတွေ အသိမ်းခံရတာ မကျေနပ်လို့
တိုင်ကြတာ များတယ်လို့ ကော်မတီက ထုတ်ဖော်ပြောဆိုပါတယ်။
ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က “အများဆုံးအမှုက လယ်ယာ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်မှု များတယ်။ ငြိမ်းချမ်းရေးကိစ္စတွေက ပါတယ်၊ နည်းတယ်။ နောက် ကာကွယ်ရေးကိစ္စတွေလည်း ပါတယ်။ လာတာကတော့ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့ ကိစ္စတွေလာတာပဲ” လို့ ပြောပါတယ်။

၂၀၁၂ ဩဂုတ်လ ၃၀ ရက်နေ့က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေး ပြုလုပ်နေစဉ်
အဲဒီတိုင်စာတွေအနက် အစောင် ၂ ထောင်ကျော်ကို ကော်မတီက
စိစစ်ပြီးစီးတာကြောင့် ဆက်လက်