မြန်မာပြည်မှာ
ပြုလုပ်မယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၂၀၁၃ ဆီးဂိမ်းမှာ
လာရောက်ယှဉ်ပြိုင်ကြမယ့် အားကစားအဖွဲ့ဝင်တွေ တည်းခိုခ ၁ ဦးကို
အမေရိကန်ဒေါ်လာ ၅၀ပဲ ယူဖို့ ဟိုတယ်ခရီးက ညှိနှိုင်းသတ်မှတ်လိုက်ပါတယ်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
17 January 2013
ပြည်ထောင်စုအစိုးရ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရန် တောင်းဆို
နေပြည်တော်မှာ
ဇန်န၀ါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်တိုင်းပြည်တွင်း
ပြန်လည်ဝင်ရောက်ရေးကိစ္စ၊ လယ်ယာမြေသိမ်းဆည်းမှုကိစ္စ၊ ဗဟိုချုပ်ကိုင်မှု
လျှော့ချဖို့ကိစ္စ၊ တပ်မတော်က သိမ်းဆည်းထားတဲ့မြေတွေ
ပြန်လည်ပေးအပ်ရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက ကိုယ်စားလှယ်တွေက အမျိုးသားစီမံကိန်း (၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထိ) မူကြမ်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးစဉ်မှာ ထည့်သွင်းဆွေးနွေးကြတာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက ကိုယ်စားလှယ်တွေက အမျိုးသားစီမံကိန်း (၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထိ) မူကြမ်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးစဉ်မှာ ထည့်သွင်းဆွေးနွေးကြတာဖြစ်ပါတယ်။
ဒေါက်တာ အေးမောင်
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေရပ်ဖို့  ရုရှားနိုင်ငံခြားရေးဝန်ကြီးတောင်းဆို
မြန်မာနိုင်ငံအပေါ်
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေ အားလုံး မလိုအပ်တော့ဘူးလို့
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက
ပြောကြားလိုက်ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလ်ာဗ်ရော့က ဇန်န၀ါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာလို့ ရုရှား RIA သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလ်ာဗ်ရော့
ရုရှားနိုင်ငံခြားရေးဝန်ကြီးက လက်ရှိအခြေအနေတွေမှာ မြန်မာနိုင်ငံအပေါ်
ဘယ်လို မြန်မာအလုပ်သမားများ၏ ၁၅ နှစ်အောက် သားသမီးများကို ထိုင်းတွင် တရားဝင်နေခွင့် လုပ်ပေးမည်
မြန်မာအလုပ်သမားတွေရဲ့
အသက် ၁၅ နှစ်အောက် သားသမီးတွေကို သက်သေခံ အထောက်အထားလက်မှတ်တွေကို
ထိုင်းနိုင်ငံက ထုတ်ပေးတော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက
သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေကို အထူးအခွင့်အရေးတရပ်အနေနဲ့ ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်နိုင်ဖို့ အခုလို သက်သေခံလက်မှတ်ထုတ်ပေးဖို့ ထိုင်းအစိုးရက ဇန်န၀ါရီလ ၁၅ရက်မှာ အတည်ပြုပေးလိုက်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညောင်တုန်းတွင် လယ်သမားများ ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့မှာ ဒီနေ့ မနက်က ရာနဲ့ ချီတဲ့ လယ်သမားတွေ စုရုံးဆန္ဒပြနေကြပါတယ်။
ညောင်တုန်းမြို့နယ်က ကတုက္ကမ၊ ငှက်ပျော်ကျွန်း၊ ထရောင်၊ ကြိုက်သာ၊ ချောင်းမကြီး၊ လှေလမ်းပိုင်နဲ့ ဦးခွာစု စတဲ့ ကျေးရွာတွေက လယ်သမား ၆၀၀ လောက်ဟာ လယ်ယာမြေအသိမ်းခံရတာ၊
ညောင်တုန်းမြို့နယ်က ကတုက္ကမ၊ ငှက်ပျော်ကျွန်း၊ ထရောင်၊ ကြိုက်သာ၊ ချောင်းမကြီး၊ လှေလမ်းပိုင်နဲ့ ဦးခွာစု စတဲ့ ကျေးရွာတွေက လယ်သမား ၆၀၀ လောက်ဟာ လယ်ယာမြေအသိမ်းခံရတာ၊
Subscribe to:
Posts (Atom)