ရှမ်းပြည်တောင်ပိုင်း
အင်းလေးဒေသမှာ ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ဖို့ ဒေသခံတွေပိုင်တဲ့မြေတွေ
အသိမ်းခံနေရတဲ့အတွက် အင်းလေးဒေသခံ သံဃာတချို့နဲ့ ရွာသားကိုယ်စားလှယ်တွေ
ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကန့်ကွက်ခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက ဟိုတယ်ဆောက်လုပ်ဖို့အတွက် ဒေသခံပိုင်မြေနဲ့ သီးနှံပင်၊ ဘုန်းကြီးကျောင်းပိုင် ထင်းစိုက်ခင်းတွေပါ ထိပါးလာတဲ့အတွက် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာလို့ အင်းလေးဒေသ သံဃာတပါးဖြစ်တဲ့ အရှင်သုနန္ဒက မိန့်ပါတယ်။

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Home တွင် ဇန်န၀ါရီလ ၂၁ရက်နေ့က မြေယာသိမ်းခံရမှု အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်
“အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာမြေများ
သိမ်းခံရခြင်းနဲ့ပတ်သက်ပြီး