ရန်ကုန် ဇန်နဝါရီ ၂၁
မြန်မာ
နိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်
တောင်တန်းဒေသ သာသနာ နုဂ္ဂဟ အသင်းမှ ကြီးမှူး ဖွင့်လှစ်သည့် ယဉ်ကျေး လိမ္မာ
ဆရာဖြစ် သင်တန်း အမှတ်စဉ် (၃/၂ဝ၁၃) ဖွင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၉
ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ဇမ္ဗူသီရိ
ဗိမာန်တော်၌ ကျင်းပရာ ရှေးဦးစွာ အသင်း ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတ ဓရ
ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေက အဖွင့် အမှာစကား ပြောကြားသည်။