တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် မြောက်ကိုရီးယား
နိုင်ငံမှ အမြောက်ဖြင့် ပစ်ခတ်ခဲ့သော Yeonpyeong ကျွန်း အပါအ၀င်
ပင်လယ်ဝါရှိ Baengnyeong ကျွန်းတွင် ပစ်မှတ်ကို တိကျစွာ ပစ်ခတ် နိုင်စွမ်း
ရှိသည့် အစ္စရေး နိုင်ငံလုပ် Spike တင့်ဖျက် ပဲ့ထိန်းဒုံးများကို
တပ်ဖြန့်ချထားရန် စီစဉ်လျက် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယား Chosun llbo
နေ့စဉ်သတင်းစာ တွင် ဇန်န၀ါရီ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
22 January 2013
ကချင်အရေး ပြေလည်အောင် ဖြေရှင်းဖို့ တရုတ်ထပ်မံတိုက်တွန်း
မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကို
ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ဒီရက်ပိုင်းတွေအတွင်း
မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေက
တိုက်တွန်းနေကြပါတယ်။
စစ်ဆင်ရေးရပ်ဖို့ သမ္မတအမိန့်ထုတ်ပေမဲ့ ကချင်မှာ တိုက်ပွဲဖြစ်နေဆဲ
မြန်မာအစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို တဘက်သတ် ကြေညာခဲ့ပေမယ့် လည်း
မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ကြားတိုက်ပွဲတွေဟာ
မကြာခဏဆိုသလို ဆက်ပြီးတော့ ဖြစ်နေပါတယ်။
လူကုန်ကူးမှုမှာ အာဏာပိုင်တွေပတ်သက်ဟု ထိုင်းလူ့အခွင့်အရေးအဖွဲ့ ဝေဖန်
လူမှောင်ခိုကူးမှုကိစ္စတွေမှာ အာဏာပိုင်တွေကိုယ်တိုင်
ဆက်နွယ်မှုရှိနေတယ်လို့ ထိုင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ စွပ်စွဲနေပါတယ်။
မကြာသေးခင်တုန်းက ထိုင်းနိုင်ငံတောင် ပိုင်းမှာရှိတဲ့ ရာဘာစိုက်ခင်းထဲက
ကုန်လှောင်ရုံတခုကို ၀င်ရောက် စီးနင်း ရှာဖွေချိန်မှာ ဘင်္ဂလီ မူဆလင် ၇၀၀
လောက်ကို တွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်း အခုလို စွပ်စွဲချက်
ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Subscribe to:
Comments (Atom)

