ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ
လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က
ဖိတ်ခေါ်လိုက်တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။
အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ ယူဒဗလျူအက်စ်အေ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။
“အစိုးရဘက်က လွန်ခဲ့တဲ့ ၂-၃ ရက်က အကြောင်းပြန်ပါတယ်။ လက်ခံနိုင်ပါတယ်။ ဒီမှာလာ ဆွေးနွေးမယ်