ရန်ကုန်ကနေ
လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉
ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို
ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့ ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူတွေဟာ ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုဆိုတွေ့ဆုံပြီး ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm (ဓာတ်ပုံ- ကိုညီညီထွန်း)
“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက
အလံထောင်တာ၊