ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
29 January 2013
မောင်တောမြို့တွင် ဘင်္ဂလီကုလားတိ ဒုတိယအကြိမ်မြောက် အကြမ်းဖက် သေနတ်လု မီးတိုက်မူဖြစ်ပွားလို့ မြန်မာကျပ်ငွေ သိန်း တစ်ရာကျော် ဆုံးရှုံး
ရုံးခွန်တော် တံဆိပ်ခေါင်းတန်ဖိုး ထက်ဝက်လျော့ချ
တရားမမှုအတွက်
ကပ်ရတဲ့ ရုံးခွန်တော် တံဆိပ်ခေါင်း တန်ဖိုးကို ထက်ဝက်လျော့ချ လိုက်ကြောင်း
ဇန်န၀ါရီ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ထုတ်ပြန်ချက်အရ သိရပါတယ်။
န၀တအစိုးရလက်ထက် ထုတ်ပြန်ခဲ့သည့် ၂/၈၈ ကို ရုပ်သိမ်း
၁၉၈၈
ခု စက်တင်ဘာ ၁၈ ရက်နေ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
(န၀တ) က အာဏာသိမ်းအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ ၂/၈၈ ကို နိုင်ငံတော်သမ္မတက
ရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်
ရန်ကုန်ကနေ
လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉
ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို
ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့ ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူတွေဟာ ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုဆိုတွေ့ဆုံပြီး ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။
တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm (ဓာတ်ပုံ- ကိုညီညီထွန်း)
“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက
အလံထောင်တာ၊
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူတွေဟာ ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုဆိုတွေ့ဆုံပြီး ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။
ဝဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ
ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ
လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က
ဖိတ်ခေါ်လိုက်တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။
အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ ယူဒဗလျူအက်စ်အေ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။
“အစိုးရဘက်က လွန်ခဲ့တဲ့ ၂-၃ ရက်က အကြောင်းပြန်ပါတယ်။ လက်ခံနိုင်ပါတယ်။ ဒီမှာလာ ဆွေးနွေးမယ်

Subscribe to:
Comments (Atom)