ရှမ်းပြည်နယ်
တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာ ဟိုတယ်စီမံကိန်း
စတင်တဲ့အနေနဲ့ ကုမ္ပဏီတခုက မြေညှိနေရာမှာ ရွာသား ၁၀၀ ကျော်
သွားရောက်ပိတ်ပင်တားဆီးခဲ့ပါတယ်။
အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာအုပ်စု ကန်ဘဲ့ရွာမှာရှိတဲ့ ရွာသားတွေပိုင်တဲ့ မြေကွက်တွေမှာ ကုမ္ပဏီတခုက မြေထိုးစက် ၇ စီးနဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မနက်ပိုင်းက မြေတွေ လာထိုးချတဲ့အတွက် ရွာသားပေါင်း ၁၀၀ ကျော် စုဝေးရောက်ရှိလာပြီး ကန့်ကွက်ခဲ့တယ်လို့ ပါဝင်ခဲ့သူ အင်ကြင်းကုန်းရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့က စက်ယန္တရားတွေ ရပ်နားဖို့ပဲ ပြောတယ်။ သူတို့က