မော်စကို ဖေဖော်ဝါရီ ၁၂
ရုရှားနိုင်ငံ
မြောက်ပိုင်း ကိုမီ ပြည်နယ်ရှိ Vorkutinskaya ကျောက်မီးသွေး တွင်းတွင်
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး သုံးဦးမှာ
စိုးရိမ်ရသည့် အနေ အထားတွင် ရှိကြောင်း အရေးပေါ် ဌာနမှ အာဏာပိုင် များက
ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။