ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ


ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးစစ်မြိုင်က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြေပုံမြို့နယ်က ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့စဉ်
“သီးခြားတွေ့ဆုံတာတော့ မရှိပါဘူး။ တွေ့ရိုးတွေ့စဉ် ကျနော်တို့ဆီလာရောက်တွေ့တာပါပဲ။

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်


ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီးတဦးက ပြောပါတယ်။
ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော

သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃)သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃)

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။

ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်






ငါးထောင်တန်ဖုန်းထွက်ရှိ ရန် ကြိုးစားလျက်ရှိသော ရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံတွင် တယ် လီဖုန်းစက်ရုံ စတင်တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။

ချစ်သူများနေ့တွင် လိင်ပညာပေးနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝ လက်ကမ်း စာစောင် ဝေမည်



ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။
ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ