ဒေါ်အောင်ဆန်းစုကြည်က
ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကာယကံရှင်တွေ လိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင်
အချိန်မရွေး ၀င်လုပ်ပေးမယ်လို့ ပြည်ထောင်စုနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒါပေမယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ငြိမ်းချမ်းရေး
ဆွေးနွေးမှု ဖြစ်စဉ်တွေအတွက် တစုံတဦးကို အမည်တပ်ပြီးတော့ ပါဝင်ဖို့
ဖိတ်ခေါ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ပြောဆိုခွင့် လုပ်ပိုင်ခွင့်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကပဲ ရှိမယ်လို့ နားလည်ထားတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင်ဖျန်ဖြေပေးဖို့ဟာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ပြောခွင့်ရ ဦးလနန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ကေအိုင်အိုအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။

ဦးလနန်
“ကေအိုင်အိုကတော့ အစိုးရနဲ့ တိုင်းရင်းသားကြားမှာ တွေ့ဆုံညှိနှိုင်းတဲ့
နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်သူက ပါဝင်သင့်တယ်ဆိုပြီး ကျနော်တို့ဘက်ကနေ
ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ တိုက်ရိုက်ပြောဆိုပြီး
အကူညီတောင်းတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ ဒါဟာ ကေအိုင်အိုရဲ့ ချမှတ်ထားတဲ့
လမ်းစဉ်ပါ။