ဗန်ကောက် ဖေဖော်ဝါရီ ၁၃
မငြိမ်မသက်
ဖြစ်နေသာ ထိုင်းနိုင်ငံ တောင်ပိုင်း အစွန်အဖျား နေရာရှိ စစ်ဘက် ဆိုင်ရာ
အခြေစိုက် စခန်း တစ်ခုကို စစ်သွေးကြွ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ
တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၁၇ ဦး သေဆုံးခဲ့ ရသည်ဟု
ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုင်းကြည်းတပ်မှ ပြောရေးဆိုခွင့် ရှိသူ
ဗိုလ်မှူးကြီး တစ်ဦးက ပြောကြားသည်။