မြန်မာပြည်ကို
ရောင်းချမယ့် အိန္ဒိယရူပီးငွေ သန်း ၁၅၀ တန်ဖိုးရှိ
မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခံရမှုမှာ အိန္ဒိယစစ်တပ်က
ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မှုးယစ်ဆေးဝါးဖမ်းဆီးမှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူးကြီးတဦး ပါဝင်နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ တုန်လှုပ်ဖွယ်ရာ သတင်းအနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

(Photo_Indiatimes)
အိန္ဒိယ-မြန်မာနယ်စပ်က မိုရေးမြို့ကို မောင်းနှင်လာတဲ့ ကား ၃
စီးကို မဏိပူရပြည်နယ် ထောင်ဘားခရိုင်က ပါလဲမြို့ စစ်ဆေးရေးဂိတ်ကို
ဖြတ်အပြီးမှာ မဏိပူရပြည်နယ် ကွန်မန်ဒိုရဲအဖွဲ့က လိုက်လံ
ဖမ်းဆီးရရှိလိုက်တာ ဖြစ်ပါတယ်။