ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး နာမည်ပျက် နိုင်ငံစာရင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်ထဲမှာ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ထူးထူးခြားခြား ရှေ့တိုးလုပ်ဆောင် လာတာကို မိမိတို့ အစိုးရက သတိပြုမိကြော
င်း သမ္မတ အိုဘားမားက မှတ်ချက်ပေး ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို အခုထက်ထိ နာမည်ပျက် နိုင်ငံစာရင်းက မဖယ်ရှားသေးတာဟာ လက်တွေ့မှာ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးတွေ ဆက်လက်ထွက်ရှိနေတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်အဖွဲ့က ဦးခွန်ဆိုင်းက RFA ကို ပြောပါတယ်။
- "ပြီးခဲ့ ၂ နှစ်ကဆိုရင် အများကြီးမကောင်းဘူး။ သို့သော်လည်းပဲ ၂၀၁၁-၂၀၁၂ ရာသီက အများကြီးကောင်းလာတယ်။ ဒီရာသီဥတုက ကောင်းတဲ့အတွက်ကြောင့်မို့လို့ ဘိန်းအထွက်လည်း တိုးလာတယ်"
VOA
No comments:
Post a Comment