ပါကစ္စတန်ရှိ မြို့ကြီးနှစ်မြို့မှ စက်ရုံနှစ်ရုံ မီးလောင်မှုကြောင့် စက်
တင်ဘာလ ၁၂ ရက်တွင် သေဆုံးသူ စုစုပေါင်း ၃၁၄ ဦးအထိရောက်ရှိ လာခဲ့ကြောင်း
သိရသည်။ သေဆုံးခဲ့ သူအများစုမှာ အရေးပေါ်ထွက် ပေါက်များ မရှိသဖြင့်
ထွက်မပြေးနိုင်ဘဲ ပိတ်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး စက်ရုံတွင်
မီးလောင်အချက်ပေးစနစ်များ၊ မီးသတ်ဆေးဗူးများ စသော
အခြေခံဘေးကင်းရေးပစ္စည်းများလည်း မရှိကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်းရှိ ကရာချီမြို့မှ အထည်ချုပ်စက်ရုံတစ်ခုတွင်
စက်တင်ဘာလ ၁၁ ရက်ညက မီးလောင်မှုကြောင့် စက်တင်ဘာလ ၁၂ ရက်တွင် သေဆုံးသူ ၂၈၉
ဦးအထိ ရှိလာခဲ့သည်။ ယင်းမှာ ပါကစ္စတန်တွင် ၆၅ နှစ်အတွင်း လုပ်ငန်းပိုင်း
ဆိုင်ရာ အဆိုးရွားဆုံး ဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း သိရသည်။