ဒဏ်ရာရရှိထားသော တက္ကသိုလ်ကျောင်းသား(၃)ဦးကို ကူညီလုပ်ဆောင်ပေးသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဌ ထူးလင်းသူက ပြောသည်။
" သူတို့အားလုံးက ဆိုင်ကယ်တစ်စီးတည်း အတူတူစီး၍ ပလက်ဖောင်းကိုတိုက်ပြီး ဆိုင်ကယ်မှောက်ကြတာပါ။ နှစ်ယောက်ကတော့ ချောက်ထဲကျသွားတယ်။ ကျန်တစ်ဦးကတော့ လမ်းမပေါ်မှာ ကျန်နေခဲ့တယ်။ GTC ကျောင်းသားနှစ်ဦးနှင့် အဝေးသင်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ " ဟု ပြောသည်။
GTC ကျောင်းသားနှစ်ဦးမှာ ဇာနည်ကျော်ဝင်း(ပထမနှစ်)နှင့် အောင်ပြည့်ခန့်(ပထမနှစ်)တို့ဖြစ်ပြီး အဝေးသင်ကျောင်းသားတစ်ဦးမှာ နိုင်လင်းဦး(အင်္ဂလိပ်စာ ဒုတိယနှစ်)ဖြစ်သည်။ သူတို့အားလုံးမှာ မင်းပြားမြို့ပေါ်မှ ဖြစ်ကြောင်း သိရသည်။
" ကိုဇာနည်ကျော်ဝင်းကတော့ ခြေထောက်ကျိုးသွားပြီး ဒူးဆစ်လွဲသွားပါတယ်။ ကိုအောင်ပြည့်ခန့်ကတော့ ခေါင်းနည်းနည်း ထိသွားပြီး ကျန်နေတဲ့ စာမေးပွဲကို ဆေးရုံမှာပဲ ဆက်လက်ဖြေနေပါတယ်။ နိုင်လင်းဦးကတော့ မနေ့ည ဆိုင်ကယ်တိုက်ချိန်မှ အခုအချိန်ထိ သတိမရဖြစ်နေပါတယ်။ မနေ့ညကပင် သူတို့အစ်မတွေ၊ သူတို့နေအိမ်မှ အဒေါ်တွေ၊ ဦးလေးတွေ၊ သူငယ်ချင်းတွေပါ လာပြီးစောင့်အိပ်ပေးကြပါတယ်။ " ဟု ဆက်လက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဌ ထူးလင်းသူက ဆက်လက်ပြောသည်။
ယင်းတက္ကသိုလ်ကျောင်းသား(၃)ဦးကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အစစအရာရာအားလုံးကို ကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။
စစ်တွေကမ်းနားလမ်းမှာ အိန္ဒိယနိုင်ငံ အာဆာကုမ္ပဏီမှ ကုန်တင်ကားကြီးများ သွားရန်ပြုလုပ်ထားသော လမ်းဖြစ်ပြီး ယင်းလမ်းအပေါ်တွင် ဘီးများကို ချော်လဲသွားနိုင်တဲ့ သဲများဖုံးလွမ်းနေသောကြောင့် အခုလို ဆိုင်ကယ်ဘီး ချော်လဲသွားတဲ့အတွက် ပလက်ဖောင်းကိုတိုက်မိပြီး မှောက်သွားရာကနေ ဒဏ်ရာရရှိတာဖြစ်ကြောင်း သိရသည်။
ArakanTime
No comments:
Post a Comment