အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟား
ပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေး အနည်းငယ် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဖော်ပြပါရှိသည်။
သို့သော်
ကြာသပတေးနေ့က ပြုလုပ်သည့် ဒေလီအထူးရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Neeraj Kumar ၏ သတင်းစာ ရှင်းလင်းပွဲတွင်မူ “သူတို့ကို ကြိုးကိုင်သူတွေရဲ့ ညွှန်ကြားချက်အရ သူတို့ဟာ ဒေလီမြို့တော်မှာ ဖောက်ခွဲတိုက်ခိုက်မှု
တွေ လုပ်ဖို့ စီစဉ်နေခဲ့ကြပြီး သူတို့ရဲ့ပစ်မှတ်ထဲမှာ ဘီဟာပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာ ဟိန္ဒူ ဘုရားကျောင်းလည်း ပါတယ်” ဟု ဒေသခံ ဟင်န္ဒူစတန်နီစကားဖြင့် ပြောဆိုသွားသည်။
သို့သော် ဗုဒ္ဓဓါရာ ဟိန္ဒူဘုရားကျောင်း ဆိုသည်မှာလည်း ဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင် တည်ရှိ သည့် မဟာဗောဓိ စေတီတော်နှင့် ကပ်လျက်တည်ရှိပြီး အကယ်၍ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲလိုပါက လူစည်ကားရာ မဟာဗောဓိ စေတီတော်ကြီးတွင် ဖောက်ခွဲနိုင်ခြေရှိသည်ဟု သုံးသပ်သူများက ဆိုသည်။
ယခုကဲ့သို့ ဆောင်းအဝင်နှင့် ဆောင်းအထွက် ရာသီမျိုးမှာ ဗုဒ္ဓဂါယာ အပါအဝင် မဇ္ဈိမဒေသသို့ မြန်မာနိုင်ငံမှ ဘုရားဖူးများ စည်ကားသည့် ဘုရားဖူးရာသီ ဖြစ်သည်။
အကြမ်းဖက်သမားများ ဖမ်ဆီးရမိပြီးနောက် ဗုဒ္ဓဂါယာတွင် လုံခြုံရေးတိုးမြှင့်ထားပြီး ပုံမှန်ဘုရား လုံခြုံရေးထက် ပိုမိုကြောင်း ဗုဒ္ဓဂါယာတွင် ခေတ္တသီတင်းသုံးနေသည့် မြန်မာရဟန်းတော် တပါးက မိန့်ဆိုသည်။
“မဟာဗောဓိမှာ လုံခြုံရေး နည်းနည်းတော့ တိုးထားတယ်။ ပုံမှန်ထက် နည်းနည်းတော့ စစ်ဆေးတာရှိတယ်။ အရင် ကတော့ ဂိတ် လုပ်ထားတာပဲရှိတယ်။ အခုဆိုရင်တော့ သတင်းရှိထားတော့ တဦးချင်း စစ်ဆေးမှာပေါ့” ဟု မဇ္စျိမကို မိန့်ဆိုသည်။
ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများ၏ ဖြောင့်ချက်အရ ၎င်းတို့အုပ်စုထဲမှ သုံးဦး လွတ်မြောက်နေသေး
ကြောင်းလည်း သိရှိရသည်။
ဂါယာမြို့တွင် မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး “တပါးနှင့် တပါး သတိရှိစေရန်” ဖုန်းဖြင့် အသိပေးကြကြောင်း ဦးပဉ္ဇင်းမှ ဆက်လက် မိန့်ကြားသွားသည်။
မဇ္စျိမ
No comments:
Post a Comment