ဖြိုခွင်းခဲ့ရကြောင်း သိရှိရသည်။
"မနေ့က ပြဿနာအစရှာတာက ဘင်္ဂလီတွေက ဖန်တီးတာပါ၊ ဗုဒ္ဓဘာသာဝင် ဟိန္ဒူတွေကို အခုလိုနိုင်ထက်စီးနင်း အကြမ်းဖက်မှုအပေါ်မှာ ဒေသခံလူထုတွေက မကျေမနပ်ဖြစ်လို့ ဓါးနဲ့လိုက်ခုတ်တဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးအရေးယူပေးဖို့ တာဝန်ရှိရဲတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြတာကို စစ်တပ်က အကြမ်းနည်းနဲ့ လူအုပ်တွေကို ဖြိုခွင်းခဲ့ပါတယ်။ မျက်ရည်ယိုဗုံးကြောင့် မပြေးနိုင်တဲ့ လူ(၅)ဦးနှင့် သင်္ဃာတော်နှစ်ပါးကို ဖမ်းဆီးသွားပါတယ် (၅)ဦးထဲက တစ်ဦးကိုတော့ မတရားရိုက်နှက်ပြီး ဆွဲခေါ်သွားတာတော့ တွေ့လိုက်ရတယ်"ဟု အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ)က ပြောသည်။
ဘင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွေ အကြမ်းဖက်ခံရမှုအပေါ်တွင် စစ်တွေမြို့မှ လူထုများအနေဖြင့် အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၌ ဗုဒ္ဓဘာသာဝင် ဟိန္ဒူများနှင့် မရာမာလူမျိုးများ ပူးပေါင်းပါဝင်လာမှုအပေါ် အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများက မကျေနပ်မှုကြောင့် ယခုကဲ့သို့ အဓိကရုဏ်းကို ဖန်တီးခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ဆိုသည်။
ArakanTime
No comments:
Post a Comment