နစက တပ်ဖွဲ့ဝင် ၂၀ ခန့်သည် လက်နက် ကိုယ်စီိကိုင်ဆောင်ပြီး နတ်မြစ်ထဲရှိ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ကာ လှေနှစ်စီးဖြင့် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀ ဦးကို စနေနေ့ နံနက် ၄ နာရီ မိနစ် ၃၀ တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို ယခုအခါ နစက စခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေကြောင်း ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ကို ကိုးကားပြီး သတင်းစာက ဖေါ်ပြသည်။
သို့သော်လည်း တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ ( Border Guard Bangladesh) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇာဟစ် ဟာဆန်ကမူကို အဆိုပါ သတင်းကို အတည် မပြုနိုင်သေးကြောင်း ပြောကြားသည်ဟု သတင်းစာတွင်ဖေါ်ပြသည်။
နိရဉ္စရာက နယ်စပ်ဒေသသို့ ဆက်သွယ်မေးမြန်းရာ မြန်မာ နစက တပ်ဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၁၀ ဦးကို နတ်မြစ်ထဲမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။
မြန်မာမှ ဂျီးအီးဆောက်လုပ်ရေးတပ်မှ စစ်သား (၃) ဦး နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီးခံရပြီး နောက်ပိုင်း (၁၀) ရက်ခန့်် အကြာတွင် ယခု ဖမ်းဆီးမူ ပေါ်ပေါက် လာခြင်း ဖြစ်သည်။
သို့သော် ယခု ဖမ်းဆီးမူမှာ အဆိုပါ ကိစ္စနှင့် ဆက်နွယ် ပတ်သက်ခြင်း ရှိ⁄မရှိကို မသိရသေးပါ။
ယခင်က နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ငါးဖမ်းသမားများကို မြန်မာ နစကများမှ မကြာခဏ ဖမ်းဆီး ခေါ်ဆောင်သွားလေ့ရှိသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စပြီး ရပ်တန့် နေရာမှ ယခု ဖမ်းဆီး ခေါ်ဆောင်မူ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
narinjara
No comments:
Post a Comment