ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ကျန်းမြို့ ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် အဖွဲ့ဝင်များ လိုက်ပါလျက် နိုဝင်ဘာ(၇)ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် ဒေါင်ချန်းဧည့်ဂေဟာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ဝပ်တေး အပြည်ပြည်ဆိုင်
ရာလေဆိပ် သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအားလာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E. Prof. Dr. Eksavang Vongvichit၊ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. NoulinSinhbandith၊ စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. HiemPhommachanh၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. VilayvanhPhomkhe၊ ဗီယင်ကျန်းမြို့ ဒုတိယမြို့တော်ဝန် H.E.Mr.SoukanhMuhuluth၊ မြန်မာနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး H.E. Mr. NilahathSayarth၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် သံရုံး၊ စစ်သံရုံး တို့မှ ဝန်ထမ်း များနှင့် မိသားစုဝင်များကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လေဆိပ်တွင် ဒေသစံတော်ချိန် နံနက်(၁၁)နာရီ (၄၅)မိနစ်တွင် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ ရာနေပြည်တော်သို့ မွန်းလွဲပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့နိုဝင်ဘာ (၄)ရက်တွင် ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတသည် နိုဝင်ဘာ(၄)ရက် ညနေပိုင်းတွင် ဖင်လန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. JykriKatainen နှင့် လည်းကောင်း၊ လူဇင်ဘတ် နိုင်ငံဝန်ကြီးချုပ် H.E. Mr. Jean. Claude Junckerနှင့်လည်းကောင်း ခေတ္တတည်းခိုသည့် ဒေါင်ချန်း ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံ ခဲ့သည်။
နိုင်ငံတော်သမ္မတသည် နိုဝင်ဘာလ(၅)ရက်နံနက်ပိုင်း၌ ဒေါင်ချန်းဧည့်ဂေဟာ၌ ဩစတြေးလျ နိုင်ငံဝန်ကြီးချုပ် မစ္စဂျူလီယာဂေးလ်လက်နှင့် နှစ်နိုင်ငံအကြားဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် ဗီယင်ကျန်းမြို့ National Convention Center ၌ ကျင်းပသည့် အေဆမ်အဖွဲ့ဝင် နိုင်ငံသစ်များကြိုဆိုပွဲ အခမ်းအနားနှင့် (၉) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနား များသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတမစ္စတာ ကျူမာလီဆိုင်ညဆွန်နှင့် သမ္မတနန်းတော်၌ နှစ်နိုင်ငံတွေ့ ဆုံ ဆွေးနွေးခဲ့သည်။ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံ ညီထိပ်သီးအစည်းအဝေး ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E. Mrs. HelleThorning Schmidt နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် နိုဝင်ဘာ(၇)ရက် နံနက်ပိုင်းတွင် ခေတ္တတည်းခိုသည့် ဒေါင်ချန်း ဧည့်ဂေဟာ၌ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုဝင်များအားတွေ့ဆုံ၍ ဩဝါဒစကားပြောကြားခဲ့သည်။
သမ္မတ၀စ်ဆိုက်မှ
No comments:
Post a Comment