ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
13 November 2012
ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ အဆောက်အအုံများ အကြီးစားပြင်ဆင်မွမ်းမံမှုများပြုလုပ်ရာတွင် ဘွဲ့နှင်းသဘင်ခန်းမကြီး ပါဝင်
ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ အဓိပတိလမ်းကြီး၊ လမ်းသွယ်များ၊ ယာဉ်ရပ်နားရန် နေရာများသာမက ရန်ကုန်
တက္ကသိုလ်၏ အထင်ကရဖြစ် သည့် ဘွဲ့နှင်းသဘင် ခန်းမကြီးကိုပါ အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ ရန်ကုန်တက္ကသိုလ်ပရဝဏ် အတွင်း အဓိပတိလမ်းမကြီးတစ် လျှောက် ရေမြောင်းအသစ်များ ဖောက်လုပ်ခြင်း၊ လမ်းဘေးပလက်ဖောင်း အသစ်များ၊ မီးတိုင်အသစ်များ တပ် ဆင်ခြင်း၊ ဝိဇ္ဇာဆောင်နှင့် သိပ္ပံဆောင် များကြားရှိ လမ်းသွယ်များနှင့် ပလက် ဖောင်းများအား အသစ်ပြန်လည်ပြင် ဆင်ခြင်း၊ ဝိဇ္ဇာခန်းမရှေ့နှင့် စီးပွားရေးတက္ကသိုလ်(ရန်ကုန်)နှင့် ဘွဲ့နှင်းသဘင်ကြား၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ရေးရာဌာနများရှေ့တွင် ယာဉ်ရပ်နားရန် နေရာအသစ် တည်ဆောက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ထိုသို့ အကြီးစားပြင် ဆင်မွမ်းမံမှုများ ပြုလုပ်ရာတွင်ရန်ကုန် တက္ကသိုလ်၏ အထင်ကရ နေရာတစ်ခု ဖြစ်သော ဘွဲ့နှင်းသဘင် ခန်းမကြီးပါဝင် မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် လာမည့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစတင်ကာ ပထဝီဌာန၊ အရှေ့တိုင်းပညာဌာန၊ စိတ် ပညာဌာန၊ ဥပဒေပညာဌာန တို့တွင် အမေရိကန်၊ ဂျာမနီနှင့် အင်္ဂလန်နိုင်ငံ တို့ရှိ တက္ကသိုလ်များမှ ဧည့်ပါမောက္ခ များလာရောက် သင်ကြားပို့ချမည့် အစီအစဉ်များရှိသည့်အတွက် ယင်းပညာ သင်နှစ် မတိုင်မီ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ ကျောင်းဆောင်အချို့ ကိုလည်းအကြီးစားပြင်ဆင် မွမ်းမံသွား ရန်ရှိကြောင်း သိရသည်။
Myanmar Express
Subscribe to:
Post Comments (Atom)
No comments:
Post a Comment