ယင်းကဲ့သို့ ညီအစ်မ မြို့တော်ဖြစ်လာပါ က မြို့ပြတည်ဆောက်ရေးအတွက် နည်း ပညာအကူအညီများ ရလာနိုင်ကြောင်း ခေတ်မီမြို့ပြများသည် ယင်းကဲ့သို့ နိုင်ငံ တကာရှိ မြို့ကြီးများနှင့် ညီအစ်မ မြို့တော်ဆိုသည့် စကားလုံးများဖြင့် အချင်း ချင်း ပူးပေါင်းဆောင်ရွက်ကြကြောင်း စင်ကာပူရှိ မြန်မာဆောက်လုပ်ရေး တစ် ဦးကဆိုသည်။
“ဆန်ဖရန်စစ္စကိုနဲ့ ညီအစ်မမြို့ တော် လုပ်မယ်ဆိုရင် မီးပုံမှန်ပေးနိုင် အောင် အရင်လုပ်ရမယ်။ အဆောက် အအုံ တိုးတက်အောင်လုပ်တာ တစ်ခု တည်း မဟုတ်ဘဲ ဆန်ဖရန်စစ္စကိုလိုမျိုး မီဒီယာပွင့်လင်းတာမျိုး၊ ဥပဒေခိုင်မာတာ မျိုးပါဖြစ်သင့်တယ်”ဟု ပြည်တွင်း မီဒီ ယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ဆို သည်။
ယင်းကဲ့သို့ ညီအစ်မမြို့များ တော် စပ်ရာတွင် မြို့ပေါင်း များစွာဖြင့် ဆက်စပ် ၍ လုပ်ကိုင်နိုင်ကြောင်း၊ ခေတ်မီ မြို့ပြ များ၏ ဂုဏ်ဒြပ်တစ်ခုဖြစ်ကြောင်း နိုင်ငံ တကာအတွေ့အကြုံရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက လူထုပုံရိပ်သို့ ပြောကြားသည်။
ရိုးရာလေး
No comments:
Post a Comment