ပင်လယ်ရပ်ခြား ကျွမ်းကျင်မှု ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ HIDA တို့မှ ကွန်ပျူတာများ၊ ပရင်တာများနဲ့ စဉ်ဆက်မပြတ် ဘာသာပြန် ဆိုစက်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့က UMFCCI မှာ လွှဲပြောင်း ပေးအပ် လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် UMFCCI အနေနဲ့ Training Center ကို ၂၀၁၂ ခုနှစ်မှ စတင်ပြီး ဖွင့်လှစ် သင်ကြား ခဲ့တာ ဖြစ်ပါတယ်။ UMFCCI Training Center အနေနဲ့ ဂျပန်နိုင်ငံ AOTS နဲ့ ပူးပေါင်းပြီး သင်တန်း ၈ ခု JODC နဲ့ ပူးပေါင်းပြီး On Job Training အပါအ၀င် သင်တန်း ၉ ခုကို ဖွင့်လှစ်နိုင်ခဲ့ ပြီးဖြစ်ပါတယ်။
ယခုအခါ မှာလည်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်များ အတွက် သင်တန်းများ တက်ရောက် လေ့လာရာမှာ ဘာသာ စကား အခက်အခဲ မရှိစေရန် စဉ်ဆက် မပြတ် ဘာသာပြန် စက်များကို ပေးပို့ လှူဒါန်းရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြား နိုင်ငံများနဲ့ စီးပွားရေး တွေ့ဆုံပွဲများ ဆောင်ရွက် ရာမှာ ဘာသာ စကား အခက်အခဲ အတွက် စဉ်ဆက်မပြတ် ဘာသာ ပြန်စက် များကို အသုံးပြုပြီး စီးပွားရေး တွေ့ဆုံပွဲ များကို ပိုမို လုပ်ဆောင် လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
From :mrtv4
No comments:
Post a Comment