ကယား-မြန်မာ
နှစ်ဘာသာနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေနေတဲ့ ကန္တာရဝတီတိုင်း (မ်)
ဂျာနယ်ကို မြန်မာပြည်အတွင်း တရားဝင်ဖြန့်ချိခွင့် အစိုးရက
ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
ကန္တာရ၀တီတိုင်းမ်ဂျာနယ်ကို ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေနေတာ ၈ နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်းမှာတော့ လျှို့ဝှက် ဖြန့်ချိနေရာက အခု တရားဝင် ဖြစ်တာပါ။
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနနဲ့ ကန္တာရ၀တီတိုင်းမ် ဂျာနယ်ကို
ကယားပြည်နယ်ထဲက သတင်းတွေ ဖြန့်ချိရေး ယာယီမှတ်ပုံတင် ခွင့်ပြုချက်အမှတ် ၁၆၈၂ နဲ့ ရရှိခဲ့တာပါ။
ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနကို ထိုင်း-မြန်မာနယ်စပ် ကရင်နီ လူမှုအသိုင်းအ၀ိုင်းကြားက လူငယ် ၇ ယောက်နဲ့ ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကရင်နီနယ်တလွှားက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး သတင်းတွေကို စုဆောင်း ရိုက်ကူး ရေးသား တင်ပြနေတာ ဖြစ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ဂျာနယ်တိုက်ကို ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှာ ထားရှိပြီး စာစောင်ကိုတော့ တလတကြိမ် ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
DVB

No comments:
Post a Comment